မြင်းခြံမြို့သည် စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အပိုဝင်ငွေရရှိရန် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြောင်း၊ ကွမ်းများလည်းစိုက်ပျိုးကြောင်း၊ ဆေးရွက်ကြီးများလည်း စိုက်ပျိုးကြောင်း သိရသည်။ ကွမ်းရွက်သည် အမိုးအကာဖြင့် အထူးဂရုစိုက်ရသော အပင်ဖြစ်ပြီး အသန့်အရှင်းလည်း ကြိုက်သောအပင် ဖြစ်ပါသည်။ မြင်းခြံမြို့နယ်တွင် ကွမ်းစိုက်သောကျေးရွာများမှာကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။ ယခုလိုမိုးအကုန်ဆောင်းရာသီဝင်သောအချိန်တွင် ကွမ်းအထွက်နှုန်း နည်းလာပြီဖြစ်သည်။ မြင်းခြံမြို့ရှိကွမ်းပွဲရုံများသို့တင်ပို့ရောင်းချကြောင်း၊အချို့ပွဲစားများသည်ရွာအရောက်လာရောက်ဝယ်ယူကြကြောင်း၊ အချို့မှာမြို့ပေါ်ရှိ ကွမ်းယာဆိုင်များသို့ တိုက်ရိုက်ဖောက်သည်ပေး ရောင်းချကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေး၊ မြို့မစည်ပင် သာယာဈေးနှင့် စံပြဈေးတို့တွင် နိုဝင်ဘာလတတိယပတ်တွင် ဖြစ်ပေါ်နေသောဈေးနှုန်းမှာ ကွမ်းတစ်ပိဿာလျှင် (၉၀၀၀ ကျပ်မှ ၉၅၀၀ကျပ်) ထိဈေးအနည်းငယ်မြင့်တက်ကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm
ဆောင်းရာသီရောက်ပြီဖြစ်၍ ဈေးတက်လာသောကွမ်းရွက်
Category:
Local News